Archive for May, 2010


နေရာဟောင်းတဲ့……………………..

စကားလုံးလေးကတော့ နေရာဟောင်းတဲ့

ဒီနေရာဟောင်းရောက်တိုင်း

ဒဏ်ရာဟောင်းတွေက တိမ်တွေလိုပြိုဆင်းကျလာတယ်။

ဒီနေရာဟောင်းရောက်တိုင်း

သီနွှဲ့လာတဲ့ မျက်ရည်တွေက

နာကျင်သိပ်သည်းစွာ သတိရလာပြန်တယ်။

ဒီနေရာဟောင်းရဲ့ သေချာခြင်းတစ်ခု

အော်……………………..

ကျွန်မအတွက် အမှန်တရားတစ်ခုကတော့

နေရာဟောင်းမှာ မွေးဖွားလာတဲ့

အနာဂါတ်အသစ်မှာ ကျွန်မတစ်ယောက်ထဲ ဖြတ်သန်းရတော့မယ် ဆိုတာပါပဲ။

တစ်နေ့

တစ်နေ့ မင်းနားမှာ ငါ့လို ဂျီကျတတ်တဲ့ ကောင်မလေးမရှိတော့တဲ့အခါ……….

တစ်နေ့ မင်းနားမှာ ငါ့လို စိတ်ကောက်တတ်တဲ့ ကောင်မလေးမ၇ှိတဲ့အခါ……….

တစ်နေ့ မင်းနားမှာ ငါ့လို မင်းမကြိုက်တာတွေလျှောက်လျှောက်လုပ်တတ်တဲ့ ကောင်မလေးမ၇ှိတဲ့အခါ……….

တစ်နေ့ မင်းနားမှာ ငါ့လို စိတ်ထင်တိုင်း လျှောက်ပြောနေတဲ့ ကောင်မလေးမရှိတဲ့အခါ……….

တစ်နေ့ မင်းနားမှာ ငါ့လို ပြောင်စပ်စပ်နဲ့ပေါ့ပျက်ပျက် ကောင်မလေးမ၇ှိတဲ့အခါ……….

တစ်နေ့ မင်းနားမှာ ငါ့လို မင်းပြောတိုင်းအလေးမထားသလို လုပ်တတ်တဲ့ ကောင်မလေးမရှိတဲ့အခါ……….

တစ်နေ့………. အဲ့လိုတစ်နေ့ပေါ့

အဲ့လိုတွေ နင်တွေးမယ့် တစ်နေ့ ရောက်မလာပါဘူးလို့ ငါ့ကို ကတိပေးပါလား ချစ်သူ။