သခင်
ခြေသံဖွဖွ လမ်းလျှောက်တတ်သူ
သခင်
အပြုံးနုနု ပွင့်ဝေတတ်သူ
သခင်
တေးသွားအလား စကားများ သီဖွဲ့တတ်သူ
သခင်ရေ…..
ချစ်မိသူငါ အပြစ်သားပါ။
မဖုရားကို မော်ဖူးရင်း အသဲမှာစွဲခဲ့သူပါ
သေလိုသေ ရှင်လိုရှင်
သခင့် အမိန့်ကို နားဆင်လိုတယ်ကွယ်။
ချစ်တယ် ပြောခဲ့မိတာ အပြစ်မြင်တဲ့ မျက်လုံးစိမ်းနဲ့မကြည့်ပါနဲ့ သခင်ရယ်
ခရောင်းတော လျှောက်နေရတဲ့ ဘ၀ပေမယ့်
ငါ့လိုလူမှာလဲ အချစ်ဆိုတာ ရှိပါတယ်
အပြစ်လို မမြင်ပါနဲ့။
သခင်ပျော်ဖို့ဆို
လူရွှင်တော်လေး ငါပါ။
ပိုင်ဆိုင်လိုခြင်းမဟုတ်ခဲ့ရပါဘူး
အချစ်ကို အပြစ်လို မမြင်နဲ့သခင်
ချစ်တာ အပြစ်မဟုတ်ဘူး သခင်………….
ချစ်တာ အပြစ်မဟုတ်ဘူး သခင်…………
Advertisement
