သခင့်အပြုံး

မြင်လိမ့်နိုးနှင့်

မျှော်လင့်ကြီးစွာ စောင့်စားဖူး၏။

သခင့်အသံ

ကြားရနိုးနှင့်

မျှော်လင့်တခိုး နားစိုက်ဖူး၏။

သခင့်ခြေသံ

ပြန်လာနိုးနှင့်

အိပ်ပျက်ညများ နေ့များထဲမှ

မနိုးထနိုင်

အကျွန့်စိတ်များ

သခင့်နားသို့

တိုးတိုးရွေ့လျား

အလွမ်းများစွာ မြတ်နိုးစွာဖြင့်

ရည်ရွယ်ညွှန်းစာ ရေးဖွဲ့အပ်သည်။

 

Advertisement