နေရာဟောင်းတဲ့……………………..

စကားလုံးလေးကတော့ နေရာဟောင်းတဲ့

ဒီနေရာဟောင်းရောက်တိုင်း

ဒဏ်ရာဟောင်းတွေက တိမ်တွေလိုပြိုဆင်းကျလာတယ်။

ဒီနေရာဟောင်းရောက်တိုင်း

သီနွှဲ့လာတဲ့ မျက်ရည်တွေက

နာကျင်သိပ်သည်းစွာ သတိရလာပြန်တယ်။

ဒီနေရာဟောင်းရဲ့ သေချာခြင်းတစ်ခု

အော်……………………..

ကျွန်မအတွက် အမှန်တရားတစ်ခုကတော့

နေရာဟောင်းမှာ မွေးဖွားလာတဲ့

အနာဂါတ်အသစ်မှာ ကျွန်မတစ်ယောက်ထဲ ဖြတ်သန်းရတော့မယ် ဆိုတာပါပဲ။

Advertisement