မောင်နဲ့ကျွန်မ ဟာ သူများတကာတွေလို ငယ်ချစ်တွေလည်း မဟုတ်ရပါဘူး။ ရိုးရိုးသာမန် တက္ကသိုလ် သူငယ်ချင်း ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ။ ဒါပေမယ့် ဒီသာမာန်ဇာတ်လမ်းလေးကိုပဲ ပြောပြရအုံးမယ် နားထောင်ပေးကြပါနော်…။
မောင်နဲ့ကျွန်မမှာ တူတဲ့အချက်ဆိုလို့ မရှိသလောက်ရှားပါတယ် ဆိုရင် အံ့သြကြမလားမသိဘူးနော်။ တကယ်ပါ မောင်နဲ့ကျွန်မဟာ ဘယ်နေရာမှ အကြိုက်တူတာမရှိတဲ့ ခပ်ဆန်းဆန်း အတွဲလေးပါ။ မတူတာတွေများလွန်းတော့ မဖြစ်နိုင်ဘူးဆိုတာကိုလည်း ကိုယ်ဆီအတွေးရှိနေတဲ့ သူနှစ်ယောက်ပေါ့။ သူငယ်ချင်းဘ၀မှာကတည်းက သိပ်ပြီးအနေနီးခဲ့တာမဟုတ်ဘဲ ရင်းနှီးနေခဲ့တယ်ဆိုရင် ရှုပ်ထွေးသွားကြမလားဟင်။ ကဲ ဇာတ်လမ်းလေးက ဒီလိုပါ။ မောင်က ကျောင်းကိုပုံမှန်တက်သူ ကျောင်းမှာဆိုစာကြိုးစားသူ အနေတည်သူ စသည့်ဖြင့် ကောင်းမွန်သောဂုဏ်ပုဒ်များစွာနဲ့ သူတစ်ယောက်ပေါ့။ ပြီးတော့ မောင်က အပေါင်းအသင်းလည်းနည်းပါတယ်။ အချိန်ပြည့်စာအုပ်နဲ့ အလုပ်နဲ့ မကွာသူတစ်ယောက်ပေါ့။ ကျွန်မကတော့ အပေါင်းအသင်းအင်မတန်မင်သလို အပေါင်းအသင်းလည်းပေါပါတယ်။ ဒါလည်း သူသဘောမကျတဲ့ အချက်တစ်ခုပေါ့။သူပြောပြပုံအ၇ဆို ကျွန်မအပေါင်းအသင်းများတာကို အပြစ်မဟုတ်ပေမယ့် လျှောက်သွားနေခြင်းဟာတော့ အချိန်ဖြုန်းခြင်းနဲ့တူပါသတဲ့။သူက ကျွန်မကို သူငယ်ချင်းဘ၀မှာကတည်းက အားမလိုအားမရ ဖြစ်နေသူတစ်ယောက်ပါ။ သူ့မျက်စိထဲမှာ ဒီကောင်မလေးဟာ လုပ်သင့်တာတွေမလုပ်ပဲ ဘာမဟုတ်တဲ့ကိစ္စတွေနဲ့ အချိန်ဖြုန်းနေတဲ့ ကောင်မလေးတစ်ယောက်ပေါ့ရှင်။ ပြီးတော့ ကျွန်မဟာ အပေါင်းအသင်းများသလို ကျောင်းကိုလည်းပုံမှန်တက်သူမဟုတ်ပါဘူး။ ကျောင်းခန်းထဲမှာရှိနေလည်း အငြိမ်နေတတ်သူ တစ်ယောက်လည်း မဟုတ်ပါဘူး။ မိန်းကလေးမဆန်စွာ အစအနောက်လဲ သန်တတ်သူတစ်ယောက်ပါ။ ဒီလောက်ဆို ကျွန်မဆီမှာ သူသဘောကျတဲ့ အချက်ဆိုတာ မရှိသလောက်ဖြစ်မယ်လို့ ရှင်တို့ခန့်မှန်းမိကြပြီမိုလား…….။ အော် တစ်ချက်ကတော့ ယောကျာင်္းလေးသူငယ်ချင်းပေါခြင်းပေါ့။ ဒါကိုလည်း သူငယ်ချင်းဘ၀ကတည်းက သူမျက်စိစူးနေခဲ့တာပါတဲ့လေ။
ကျွန်မကတော့ ပွင့်လင်းသူတစ်ယောက်ပါ။ စိတ်ထဲမပါတဲ့အလုပ်ကိုလုပ်ဖို့ကတော့ ကျွန်မဘ၀မှာ စိတ်ဆင်းရဲဆုံးပါပဲ။ အဲ့လို လူတစ်ယောက်ပီပီ ကျွန်မကတော့ ကျွန်မနဲ့စိတ်ထားတိုက်ဆိုင်သူတိုင်းနဲ့ ပေါင်းသင်းပြောဆိုတတ်ပါတယ်။ အမှန်တိုင်းဝန်ခံရရင်တော့ မောင့်ကို တွေ့ကတည်းက ကျွန်မစိတ်ထဲမှာ သဘောမကျခဲ့ပါဘူး။ ကျွန်မရဲ့သူငယ်ချင်းဖြစ်လာဖို့တောင် စိတ်ကူးမယဉ်ရဲခဲ့ပါဘူး။ သူဘက်ကလည်း ကျွန်မလိုဖြစ်ခဲ့မယ်ထင်ပေမယ့် သူကတော့ ကျွန်မကို သူ့သူငယ်ချင်းတွေနဲ့စရိုက်တူသူ ပွင့်လင်းသူဖြစ်လို့ သူခင်မင်ခဲ့ခြင်းဖြစ်ပါသတဲ့လေ။ အဓိကအချက်ကတော့ မောင်ဟာ သူငယ်ချင်းတွေတစ်ယောက်မှ မပါပဲ သူ့တစ်ယောက်ထဲ ဒီကျောင်းကို ရောက်လာရခြင်းကြောင့် ကျွန်မကို ခင်မင်သွားပုံရတယ်လို့ ထင်မိပါတယ်။ နောက်ပိုင်း ဇာတ်လမ်းလေးကတော့ ထုံးစံပဲပြောရမလားမသိဘူးနော် မောင့်မှာသူကျောင်းသားဘ၀မှာ ကတည်း ကြိုက်ခဲ့ဖူးတဲ့ ကောင်မလေးတစ်ယောက်၇ှိခဲ့ဖူးပါသတဲ့လေ။ နောက်တော့ သူ့နဲ့ကောင်မလေး ဇာတ်လမ်းရဲ့ ဒါရိုက်တာကတော့ ကျွန်မဖြစ်လာရတော့တာပေါ့။ မဖြစ်လို့မရအောင် မောင်က ကျွန်မကို ယုံကြည်စွာ တိုင်ပင်ပါတော့တယ်။ ကဲ မခက်ပေဘူးလား အတန်းထဲမှာတောင် မြဲအောင်မနေတဲ့ ကျွန်မကို သူကယုံကြည်ပါသတဲ့ရှင်။ မောင် ဟာတကယ်ဆို ကျွန်မနားမှာ မနေခဲ့သင့်ဘူး။ ကျွန်မနားကို ရောက်မလာသင့်ဘူး လို့ မထင်ကြဘူးလားဟင်။ တကယ်ကို ကမောက်ကမနဲ့ ကျွန်မအနားကိုရောက်လာသူ မောင်ဟာ သူကိုယ်တိုင်သတိမထားမိခင်မှာ ကျွန်မကိုမှ ချစ်သွားခဲ့ပါသတဲ့လေ။ကျွန်မနားကလူတိုင်းက ပြောကြတယ်။ ကျွန်မဟာ သိပ်ကိုကလေးဆန်ပါသတဲ့။ တဇွတ်ထိုးလဲလုပ်တတ်သူတဲ့ ခေါင်းမာတယ်တဲ့ ပြီးတော့ သူလုပ်ချင်ရင်ဘယ်သူမှတားမရပဲဇွတ်လုပ်ပါသတဲ့ သူတို့ ပြောကြတာကိုပြောတာနော်။ ကျွန်မကတော့ ထင်ပေါင် ကိုယ့်ကိုလေ။
စက်တင်ဘာလရဲ့နေ့လေးတစ်နေ့မှာကျွန်မဟာကျွန်မချစ်တဲ့သူငယ်ချင်းတွေ။ကျွန်မကျင်လည်တဲ့နေ၇ာ ကျွန်မအချစ်ဆုံးသူတွေနဲ့ ခွဲပြီး ဟိုးအဝေးတစ်နေရာကို ထွက်လာခဲ့ရချိန်ပေါ့……..
အဆင်ပြေတာတွေရှိခဲ့သလို အဆင်မပြေချိန်တွေလည်းရှိနေခဲ့တာပေါ့။ ကျွန်မက နေရာတကာမှာ ပေါ့ပျက်ပျက်ဆန်ပေမယ့် ကျွန်မဘ၀ကို စီမံချက်ထားတဲ့နေ၇ာမှာ ပေါ့ပြက်သူမဟုတ်ခဲ့ရပါဘူး။ ငယ်ငယ်ကတည်းက ကျွန်မဟာ ကျွန်မမွေးရပ်မြေမှာ အများတကာလို လွယ်လွယ်နဲ့တော့ ခေါင်းမချနိုင်ပါဘူးလို့ စိတ်ထဲတေးထားသူပါ။ ကျွန်မဘ၀ကို သာမန်နဲ့တော့ မနေနိုင်ဘူး။ ကျွန်မမှာပြီးတော့ လုပ်နိုင်တယ်လို့ ယုံကြည်မှု၇ှိတယ်။ ဒါကြောင့် အများသူတွေ တဦးတည်းသောသမီးနဲ့မတူဘဲ ကျွန်မအိမ်နဲ့ ကျွန်မမွေးရပ်မြေ၇ဲ့ အဝေးမှာ ကျွန်မ ပညာလာသင်ခဲ့တယ်။ ကျွန်မ ပုံစံကို ပေါ့ပျက်ပျက်ကောင်မလေးသဖွယ်နေပြီး ကျွန်မလူတိုင်းနဲ့ပေါင်းသင်းခဲ့တယ် မာနမ၇ှိသလိုနေတတ်သလို မာန၇ှိမှန်းသိအောင် ပြောတတ်ဆိုတတ်ခြင်းကို ကျွန်မတတ်မြောက်ခဲ့တယ်။ အချိန်တွေ ဟုတ်တယ် ကျွန်မအချိန်တွေ အများကြီးပေါ့ ရင်းနှီးခဲ့ရတယ်။ လူမှုရေး ကျင်လည်ဖို့အတွက် လောကအကြောင်းသိစေဖို့ ကျွန်မရင်းနှီးခဲ့ရတယ်။ ကျွန်မ မနှမြောခဲ့ပါဘူး ကျွန်မအချိန်တွေအတွက် လိုအပ်လို့ ကျွန်မရင်းနှီးခဲ့ခြင်းသာဖြစ်တယ်လို့ ပြောရင် ခေါင်းမာတယ်လို့ မပြောရဘူးနော်။ ကျွန်မရဲ့ ဘ၀အဖော် ဟုတ်တယ် ကျွန်မရဲ့ ဘ၀အဖော်ဆိုတာ ကျွန်မမိဘတွေ၇ဲ့ အလိုကျဖြစ်လာမယ့်သူတစ်ယောက်ပေါ့။ ကျွန်မနဲ့ သက်ဆိုင်မှုမ၇ှိပါဘူး ။ကျွန်မရဲ့ ဘ၀အဖော်ဟာ ကျွန်မကို လမ်းပြပေးနိုင်၇မယ်။ ကျွန်မရဲ့နားခိုရာ ဖြစ်နေ၇မယ်။ ကျွန်မကလည်းသူ့အတွက် အားပေးဖော်တစ်ယောက် ဖြစ်ချင်တယ်။ ချစ်ပြီးလက်ထပ်တယ်ဆိုတဲ့ သူတွေတောင် အချိန်တန်တော့လည်း ကွဲကြတာပဲလေ။ နားလည်မှုမရှိတဲ့ အချိန်မှာ တစ်ချိန်က အချစ်ဆိုတာ သူတို့ မေ့နေတာပဲ ဟုတ်ဘူးလား။ ချစ်ခင်မှု နားလည်မှု ရှိရင် ဘ၀ကို ဖြတ်သန်းလိုက်ရင် လွယ်မယ်ထင်နေတဲ့ ကျွန်မရဲ့ အစီအစဉ်တွေပေါ့။ ကျွန်မ ကျောင်းဆက်တက်မယ်။ ကျွန်မ ကျောင်းပြီးလို့ အသက်၂၅ အတွင်းမှာ ကျွန်မကိုယ်ပိုင်ဆုံးဖြတ်ချက်တွေ ခိုင်မာနေရမယ်။ ဘ၀ကို ရုန်းကန်ရင်း တိုးတက်အောင် ကျွန်မလုပ်နေရမယ်။ အဲ့အတောအတွင်းမှာ ကျွန်မအိမ်ထောင်ကျရင်လည်းကျနေလိမ့်မယ်။ အိမ်က ကျွန်မအတွက်ဘ၀အဖော်ကို ရွေးချယ်ပေးလိမ့်မယ်။ ကျွန်မအတွက် နားလည်မှုပဲလေ ကျွန်မဘ၀အတည်တကျလို့ မိဘတွေယူဆသွားချိန်မှာ ကျွန်မလုပ်သမျှဟာ တင့်တယ်နေမယ်ပေါ့။ ကျွန်မဘ၀လက်တွဲဖော်ဆိုတာလဲ ဖေနဲ့မေ စိတ်တိုင်းကျဖြစ်လို့ ရွေးချယ်ပေးမယ့်သူဆိုတော့ ကျွန်မအတွက်က သူ့နဲ့နေရလဲ အခက်အခဲရှိစရာ မ၇ှိနိုင်ဘူးပေါ့လေ။ ကျွန်မဟာလေ တစ်ခါတစ်ခါ သိပ်ပြီးနားလည်ရခက်တယ်လို့ ထင်တယ်။ မောင် ကော ကျွန်မဟာ သိပ်နားလည်ရခက်တယ် ထင်နေလားဟင်။
ကျွန်မရင်ထဲမှာမ၇ှိဘူးထင်တဲ့အရာတစ်ခုကိုတွေ့၇ှိခဲ့သလိုပါ။ နိုဝင်ဘာလရဲ့ကျွန်မမွေးနေ့လေးမှာ မောင်ဟာကျွန်မကို မွေးနေ့လက်ဆောင် ပေးခဲ့ပါတယ်—သူကကျွန်မကို ချစ်တယ်တဲ့။ ဟိုးအရင်ကတည်းက အမှန်ပြောရရင် ကျွန်မဆိုတဲ့မိန်းမဟာ အချစ်ဆိုတာကို ရီစရာအပြောလေးတွေနဲ့ခပ်ပေါ့ပေါ့တွေးသူ အချစ်ဆိုတာကို ကျွန်မဟာ မချစ်တတ်ဘူး။ ၇ှိတော့၇ှိတယ် မမြင်၇တဲ့အရာအတွက် မစဉ်းစားခဲ့သူ အချစ်ဆိုတာ မ၇ှိရင်တာင်အေးချမ်းမယ်တွေးခဲ့သူပါ။ အရာရာတိုင်းကို လေးလေးနက်နက်တွေးတတ်တဲ့ မောင်ဟာ ကျွန်မကို သူချစ်ဖို့တောင် တော်တော်စဉ်းစားခဲ့ရဟန်တူပါတယ်။ အမှန်ပြောကြပါလားဟင် မောင်နဲ့ကျွန်မ ချစ်ခဲ့တာကို ရှင်တို့ဘယ်လိုမြင်ကြလဲဟင်။ တကယ်တော့ အရာရာဆန့်ကျင်နေတဲ့ ကျွန်မတို့နှစ်ဦးမှာ ချစ်ခင်မှု နားလည်မှု ဆိုတာပဲအားကိုးပြီး ချစ်နေတယ်လို့ထင်တာပါပဲ။ လူတိုင်းအတွေးမတူဘူးဆိုတာ လက်ခံတယ်မိုလား။ စရိုက်မတူဘူးဆိုတာလဲ လက်ခံကြမယ်မိုလားဟင်။ ဘာပဲဖြစ်ဖြစ် ကျွန်မတို့နှစ်ယောက်ေ၇ှ့ဆက် လက်တွဲဖြစ်မယ်ဆိုတာ လည်း ကျွန်မကောသူကော ယုံကြည်ကြပါတယ်။ သေချာတာ တစ်ခုက မောင့်ကို ကျွန်မမခွဲနိုင်ဘူး။ မောင့်ကို သွား လို့ တစ်ခါပြောတိုင်း ကျွန်မသိပ်ကြောက်တယ်။ မောင့်ဆီကဖြေသံကိုကြား၇မှာ သူများ တကယ်သွားမယ် ပြောခဲ့ရင် ဆိုတာပေါ့။ ပြီးတော့ မောင်ကို စိတ်မချဘူးလို့တောင် ကျွန်မမပြောခဲ့တာ သူများဒီစကားကြားရင် သိက္ခာထိခိုက်တယ်ထင်မလားဆိုပြီး မပြောရက်ခဲ့ပါဘူး။ မောင်ကို ကျွန်မနားကလွဲပြီး ဘယ်မှာမှ စိတ်မချနိုင်တာ ကျွန်မစိတ်ထဲပူပင်သမျှ အပြင်မှာ မျက်နှာအပူ၇ိပ်တောင်မထင်စေခဲ့ရပါဘူးမောင်။ စိတ်ထဲမှာ တစ်နေ့ ဆိုတာကို မတွေးရဲဘူး။ ဝေးသွားရင် ဆိုတာ တွေးပြီး စိတ်ထဲမှာပြင်ဆင်ဖို့တောင် ကျွန်မမှာ အင်အားမ၇ှိခဲ့ပါလားနော်။
တကယ်တော့ တခြားနည်းနဲ့မဝေးရင်တောင် ကံတ၇ားများရက်စက်ရင် ကွေကွင်းမှုဒဏ်ကို မောင်မခံစားရပဲ ကျွန်မတစ်ဦးတည်း ယူဆောင်ထားချင်တယ်။ မောင် တကယ်တော့ မောင်က ချစ်တယ်တစ်ခါပြောတိုင်း ကျွန်မသိပ်ကြောက်တယ် ကျွန်မမောင့်ကို ထားခဲ့ရမှာကြောက်တယ်။ မောင်နဲ့ဝေးရမှာကို ကျွန်မကြောက်တယ်။ ကျွန်မ တစ်ခါမှ မကိုးကွယ်တဲ့ ကံတရားကိုတောင် ကျွန်မ ဒူးထောက်လောက်တဲ့အထိ ကျွန်မ မောင့်ကိုချစ်ပါတယ်။